9:05 AM |


အသစ်ထွက် ထိပ်တန်းအဆင့် LG G2 ဖုန်းအားလေ့လာကြည့်ခြင်း



၈.၈.၂၀၁၃ ရက်နေ့မှာ LG Mobile မှ နောက်ဆုံးထွက်ဖုန်းတစ်လုံးအနေနဲ့ LG G2 ဖုန်းအသစ်ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ Screen အရွယ်အစား ၅.၂ လက်မနဲ့ပွဲထုတ်လာတဲ့ LG G2 ဖုန်းဟာ 1920 x 1080 pixels ရှိတဲ့ ရုပ်ထွက်အရည်အသွေးကို Screen ပေါ်မှာအပြည့်အ၀ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းရဲ့ Screen တည်ဆောက်ပုံက ဒီဖုန်းမှာ တခြား Android ဖုန်းတွေထက် ပိုပြီးထူးခြားပါတယ်။ ဘေး frame ပါးပါးလေးနဲ့ Screen မြင်ကွင်းအပြည့်ထည့်သွင်းထားတဲ့ပုံစံမျိုးပါ။


LG G2 မှာ Android 4.2.2 ကိုအသုံးပြုထားပြီး Quad-core 2.3 GHz Krait 400 ရှိတဲ့ မြန်နှုန်းမြင့် Processor ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ” Adreno 330″ GPU Chipset နဲ့ Snapdragon 800 chipset တို့ကိုတပ်ဆင်ထားတာကြောင့် ဖုန်းရဲ့ Graphic နဲ့ Video / Game processing ပိုင်းတွေမှာအကောင်းဆုံး Performance တွေနဲ့စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။




ဖုန်းရဲ့ RAM အနေနဲ့ကလည်း 2GB RAM တပ်ဆင်ပေးထားတာကြောင့် ဖုန်းရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးလျင်မြန်သွက်လက်နေစေမှာဖြစ်ပါတယ်။ ဖုန်းရဲ့ Screen မျက်နှာပြင်ကိုတော့ အပွန်းအစင်း ၊ ခြစ်ရာ ခံနိုင်တဲ့ အကောင်းစားမှန်အမျိုးအစားဖြစ်တဲ့ Gorilla Glass 3 ကိုတပ်ဆင်ပေးထားပါတယ်။



ကင်မရာအနေနဲ့ 13 Mega Pixel ရှိတဲ့ auto-focus optically-stabilized camera ကင်မရာကိုတပ်ဆင်ပေးထားပြီး ရှေ့ဘက်ခြမ်း front camera ကလည်း 2.1 Mega Pixel အရည်အသွေးရှိတဲ့ Camera ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ရာမှာ Zoom ဆွဲရိုက်ကူးတဲ့အခါမြင်ကွင်းမှုန်ဝါးသွားတာမျိုးမဖြစ်စေဖို့ 8X digital zoom စနစ်ကိုထည့်သွင်းထားပြီး HDR Mode , panorama စတဲ့ စနစ်တွေနဲ့ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ကိုယ်ဓာတ်ပုံရိုက်ကူးတဲ့အခါ ဘယ်နေရာမှာရိုက်ခဲ့တဲ့ဓာတ်ပုံလဲဆိုတာကို ပြန်လည်သိရှိနိုင်ဖို့အတွက် ဓာတ်ပုံတစ်ပုံရိုက်လိုက်တာနဲ့ Location ကိုပါတွဲဖက် မှတ်သားပေးတဲ့ Geo Tagging စနစ်ကိုလည်းထည့်သွင်းထားပါသေးတယ်။ ဖုန်းရဲ့ Battery အနေနဲ့ 3,000mAh Li-Po unit ရှိတဲ့ Battery အမျိုးအစားကိုအသုံးပြုထားပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဖုန်းရဲ့ Volume ခလုတ်တွေကို ဖုန်းရဲ့ နောက်ကျောဘက်ခြမ်းမှာထည့်သွင်းထားတဲ့အချက်ပါပဲ။



ခြုံငုံသုံးသပ်ရရင်တော့ LG G2 ရဲ့ Software / Hardware feature တွေအားလုံးဟာ လက်ရှိထွက်ရှိထားတဲ့ / ထွက်ရှိတော့မယ့် ပြိုင်ဘက်ဖုန်းတွေကို ကောင်းကောင်းကြီးယှဉ်ပြိုင်နိုင်စွမ်းအပြည့်ရှိတဲ့ ထိပ်တန်းအဆင့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Samsung ကထွက်ရှိလာမယ့် Samsung Galaxy Note III ကိုအကောင်းဆုံးယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကောင်းဖုန်းတစ်လုံးလို့ဆိုရမှာဖြစ်ပါတယ်။



ChinmobileGroup a ka leng mi nan za te cung ah lunglomhnak tampi ka ngei Ka tial mi a fiang lo sual ah le Software Pawl nan hreh mi tete zong chimkhawh i zuam cio hna uh sih Lunglomhnak he Dennis Ram Peng Thang

No comments:

Post a Comment

Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!