5:47 AM |

သြဂုတ်လ ၁ ရက်နေ နောက်ပိုင်းမှစ၍ CDMA မိုဘိုင်းဖုန်းများကို ပြည်ပသို့ မြန်မာကျပ်ငွေဖြင့် ခေါ်ဆိုနိုင်ပြီဟုဆို

1
CDMA မိုဘိုင်းဖုန်းများကို နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင် FEC ဖြင့် ကောက်ခံသုံးစွဲနေရာမှ သြဂုတ်လ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မြန်မာကျပ်ငွေဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါ ဖုန်းများကို ပြည်တွင်းခေါ်ဆိုမှုနှင့် ပြည်ပခေါ်ဆိုမှု နှစ်ခုစလုံးအတွက် မြန်မာကျပ်ငွေဖြင့် ပုံမှန်အတိုင်း ခေါ်ဆို၍ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ခေါ်ဆိုခ 1 FEC အတွက် မြန်မာကျပ်ငွေ ၉၀၀ နှုန်းဖြင့် တွက်ချက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးလျက်ရှိသော CDMA မိုဘိုင်းဖုန်းများမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင် နိုင်ငံခြားငွေလက်မှတ် (FEC) နှင့် ကျခံသုံးစွဲနေရာမှ မြန်မာကျပ်ငွေနှင့် ကျခံသုံးစွဲနိုင်ရေးအတွက် Software Upgrade ပြုလုပ်ခြင်းကို ၁.၈.၂၀၁၃ တွင် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၎င်းနေ့တွင် Software Upgrade ပြုလုပ်ရာ၌ လက်ရှိသုံးစွဲလျက်ရှိသော CDMA မိုဘိုင်းဖုန်းသုံးစွဲသူများ၏ FEC Account တွင် ကျန်ရှိနေသည့် FEC ငွေများအား 1 FEC လျှင် မြန်မာကျပ်ငွေ ၉၀၀ နှုန်း ဖြင့် တွက်ချက်ပြီး Kyats Account သို့ ပေါင်းထည့်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ပေါင်းထည့်ပေးပြီးနောက် ပုံမှန်အတိုင်း ခေါ်ဆို၍ရရှိနိုင်မည်ဖြစ်ကြောင်း အသိပေး ကြေညာသည်။ “လက်ရှိက ဆိုင်တွေကနေ နိုင်ငံခြားကိုခေါ်ဆိုမယ့် ဖုန်းကတ်ဝယ်ပြီး ထည့်သွင်းအသုံးပြုရတာဖြစ်ပါတယ်။ ဆိုင်တချို့မှာ အဲ့ဒီကတ်တွေ မရှိတော့ ပြည်ပဖုန်းခေါ်ဆိုဖို့အတွက် အခက်အခဲတချို့တွေ့ခဲ့တယ်” ဟု CDMA ဖုန်း အသုံးပြုသူတစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် မိုဘိုင်းဖုန်းများအား ယခင် ဘီလ်စနစ်ဖြင့် ပေးဆောင်ရာမှ ကြိုတင်ငွေပေးကတ်စနစ်သို့ ပြောင်းလဲခဲ့သည်။ ၎င်းနောက် ပြည်ပသို့ သီးသန့်ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်းအသုံးပြု၍ ခေါ်ဆိုရသည့်စနစ်ကို မြန်မာကျပ်ငွေဖြင့် ပြေင်းလဲကောက်ခံခဲ့ခြင်းဖြစ်သည်။ လက်ရှိ CDMA မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ CDMA 800MHz, CDMA 450 MHz စသည့်ဖုန်းများကို အသုံးပြုလျက်ရှိသည်။
credit to:Internet Journal

No comments:

Post a Comment

Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!