9:10 AM |

၁၅၀၀ တန် GSM လိုင်းကတ်များတွင်အသင့်တော်ဆုံး အသုံးပြုနိုင်သည့် ဟန်းဆက်များ Cybercity ကုမ္ပဏီဖြန်ချိရောင်းချမည်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှနောက်ဆုံးရောင်းချပေးထားသည့်တန်ဖိုးနည်း ၁၅၀၀တန် GSM ဖုန်းလိုင်းကတ်များတွင်အဆင်ပြေစွာအသုံးပြုနိုင်သည့် စင်္ကာပူနိုင်ငံထုတ် Singtech အမှတ်တံဆိပ်ဟန်းဆက်များပြည်တွင်းဈေးကွက်တွင်းရောင်းချပေးလျက်ရှိကြောင်းသိရသည်။
စင်္ကာပူနိုင်ငံ၏ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Singtech အမှတ်တံဆိပ်ဟန်းဆက်များထဲမှ Feature Phone ဟုခေါ်သည့် Key Pad ဖုန်းအသစ်များဈေးနှုန်းချိုသာစွာဖြင့်ပြည်တွင်းဈေးကွက်တွင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
CyberCity ကုမ္ပဏီ၏ Marketing Manager ဒေါ်စန္ဒာဝင်းအေးက “ကျွန်မတို့ကတန်ဖိုးနည်းကတ်၁၅၀၀တန်ကတ်တွေမှာအသုံးပြုနိုင်ဖို့အတွက်ဈေးနှုန်းအရရောလိုင်းဆွဲအားတွေအရပါအသင့်တော်ဆုံးဖြစ်တဲ့စင်္ကာပူနိုင်ငံကထုတ်တဲ့ Singtech အမှတ်တံဆိပ်ဖုန်းတွေကိုပြည်တွင်းမှာရောင်းချပေးသွားမှာပါ။ အခုအသစ်ဝင်လာတာကတော့ Feature ဖုန်းလို့ခေါ်တဲ့ခလုတ်နှိပ်ရတဲ့ဖုန်းတွေဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ Feature ဖုန်းသစ်လေးမျိုးကိုပြည်တွင်းမှာဖြန့်ချိရောင်းချပါတယ်။ Feature ဖုန်းအပြင် Singtech ရဲ့အရည်အသွေးမြင့် Android OS အသုံးပြုထားတဲ့ဟန်းဆက်တွေကိုလည်းဖြန့်ချိရောင်းချပါတယ်” ဟု Smart Pro သို့ပြောသည်။
Singtech အမှတ်တံဆိပ် Feature Phone များကိုပြည်တွင်းတွင်အသုံးပြုနိုင်ရန် Cyber City ကုမ္ပဏီက အမျိုးအစား၎မျိုးတင်သွင်းရောင်းချလျက်ရှိကြောင်းသိရသည်။ Singtech Feature Phone အမျိုးအစား၎မျိုးမှာ OnyxM90, OnyxM50, OnyxM60 နှင့် OnyxC21 တို့ဖြစ်ကြောင်းသိရသည်။ ဒေါ်စန္ဒာဝင်းအေးကဆက်လက်၍ “ကျွန်မတို့ရဲ့ Singtech ဖုန်းတွေကလိုင်းဆွဲအားကောင်းမွန်ပြီးဒီဇိုင်းလှပသေသပ်မှုရှိပါတယ်။ ပြည်တွင်းမှာအသုံးပြုသူတွေအတွက် Feature ဖုန်းတွေကိုအာမခံ၁နှစ်သက်တမ်းပေးထားပါတယ်။ အဲဒါကလည်း ဘယ် Feature ဖုန်းတွေမှာမှဒီလိုအာမခံပေးထားတာမတွေ့ရပါဘူး။ OnyxM90 နဲ့ OnyxM50 တွေက TV Tuner ပါတဲ့ Feature ဖုန်းတွေဖြစ်ပါတယ်။ ” ဟု Smart Pro ဂျာနယ်သို့ပြောသည်။
ပြည်တွင်းတွင်အသစ်ဝင်ရောက်လာသည့် Singtech Feature ဖုန်းများထဲတွင် Onyx M90 နှင့် Onyx M50 နှစ်မျိုးသည်ပြည်တွင်းရုပ်သံလိုင်းများကိုဖုန်းတွင်ဖမ်းယူကြည့်ရှုနိုင်ပြီး M90 သည်အင်တာနက်အသုံးပြုနိုင်ရန်အထောက်အကူပြုထားကြောင်းသိရသည်။ Singtech Onyx M90 တွင်ဖုန်းကိုကာကွယ်မှုပေးနိုင်စေရန်ရောင်စုံကာဗာ၃ခုကိုအပိုထပ်ဆောင်းအသုံးပြုစေနိုင်ရန်ထည့်သွင်းပေးထားကြောင်းသိရသည်။
Singtech အမှတ်တံဆိပ် Feature Phone များဖြစ်သည့် Onyx M90 ကို သုံးသောင်းလေးထောင်ကျပ်၊ Onyx M50 ကို လေးသောင်းကျပ်၊ Onyx M60 ကို သုံးသောင်းကိုးထောင်ကျပ်နှင့် Onyx C21 တစ်သောင်းကိုးထောင်ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက Singtech Servie Center ဖုန်း- 01-202 588၊ 200 906 တို့တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။
Ref & Credit: အေးချမ်း ၊ SmartPro Journal

ChinmobileGroup a ka leng mi nan za te cung ah lunglomhnak tampi ka ngei Ka tial mi a fiang lo sual ah le Software Pawl nan hreh mi tete zong chimkhawh i zuam cio hna uh sih Lunglomhnak he Dennis Ram Peng Thang 

No comments:

Post a Comment

Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!