9:22 AM |

Samsung ကိုကျော်ဖြတ်၍ Brand of the Year ဆုကို ထုတ်ကုန်သုံးမျိုးဖြင့် Apple ရရှိ



နည်းပညာ ထုတ်ကုန်ပစ္စည်းများ စစ်တမ်း ကောက်ယူကာ ရွေးချယ်ပေးလေ့ရှိသော Brand of the Year ဆုကို ၂၀၁၃ ခုနှစ်အတွက် ရွေးချယ်ရာတွင် Apple ကုမ္ပဏီသည် ၎င်းတို့၏ အဓိက ထုတ်ကုန်များဖြစ်သော iPhone, iPad နှင့် MacBook ကွန်ပျူတာဖြင့် အဆိုပါဆုကို ရရှိသွားခဲ့ကြောင်း သိရသည်။ ကဏ္ဍ တစ်ခုချင်းစီအလိုက် ကွဲပြားခြားနားမှု ရှိသည့် အမှတ်တံဆိပ် အရည်အသွေးဆိုင်ရာ ရွေးချယ်ပေးအပ်မှုတွင် iPhone သည် အခြားသော စမတ်ဖုန်းများနှင့် ယှဉ်ပြိုင်ခဲ့ရသလို iPad ကွန်ပျူတာသည်လည်း နည်းပညာကုမ္ပဏီ အများစုမှ ထုတ်လုပ်သည့် တက်ဘလက် ကွန်ပျူတာများနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ လုပ်ငန်းသုံး လက်တော့ပ် ကွန်ပျူတာ အမျိုးအစားဖြစ်သော MacBook စီးရီးများကလည်း ၂၀၁၃ ၏ အကောင်းဆုံး ကွန်ပျူတာ အမှတ်တံဆိပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ယခု ဆုရွေးချယ်မှုတွင် ကဏ္ဍတစ်ခုချင်းစီအလိုက် Apple နှင့် အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်ခဲ့သည့် ကုမ္ပဏီများမှ စမတ်ဖုန်း ထုတ်လုပ်မှုဘက်တွင် Samsung နှင့် HTC၊ တက်ဘက် ထုတ်လုပ်မှုဘက်တွင် Samsung Amazon နှင့် Google၊ ကွန်ပျူတာ ထုတ်လုပ်မှုဘက်တွင် HP၊ Dell နှင့် Sony တို့ ဖြစ်သည်။ ယခုဆုရွေးချယ်မှုကို ထုတ်လုပ်ပစ္စည်းများ၏ ရောင်းအားကောင်းမွန်မှု၊ အရည်အသွေး ကောင်းမွန်မှုနှင့် နည်းပညာ ကောင်းမွန်မှုတို့အပေါ် အခြေခံပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သည်။ နိုင်ငံတကာမှ ထုတ်လုပ်လျက်ရှိသော အမှတ်တံဆိပ်ပေါင်း များစွာကို ဆန်ခါတင် ရွေးချယ်ခြင်းလည်းဖြစ်ပြီး ရောင်းအား အကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာသည့် Samsung သည် ယင်းဆုကို ရရှိရန် ရည်ရွယ်ခဲ့သော်လည်း လွဲချော်ခဲ့ရခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်၏ အကောင်းဆုံး မိုဘိုင်းကွန်ရက် ထောက်ပံ့မှုတွင် နာမည်ကျော် AT & T ကွန်ရက်ကို ကျော်ဖြတ်ကာ Verizon က ရရှိခဲ့ကြောင်းလည်း သိရသည်။ ယခု စစ်တမ်းကောက်ယူမှုကို အမေရိကန်နိုင်ငံရှိ အမှတ်တံဆိပ် အဆင့်အတန်း သတ်မှတ်ရေး အဖွဲ့အစည်းက ဦးစီး ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်တမ်းများ အပေါ်တွင် အခြေခံ၍ အမှတ်များပေးခဲ့ကြောင်း သိရသည်။
Ref & Credit: ပြည်မြန်မာ





















Chin Mobile Group a ka leng tu nan cung ah ka lawm Facebook Like Pek in Bawmh na ka duh ah cun Hi Ka hi Hmet Law Like Pekkhawh asi tamtling lo nak tete aum ah Comment Ca chiah tak khawh a si ka lawm


No comments:

Post a Comment

Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!