9:55 AM |


iPhone 5 ကြောင့် ဓာတ်လိုက်သေဆုံးရသော တရုတ်မလေးနှင့်နောက်ဆက်တွဲသတင်း



iPhone 5 ကိုအားသွင်းရင်း ဖုန်းပြောမိသောကြောင့် သေဆုံးသွားသောတရုတ်မလေး သတင်းကို တင်ပေးလိုက်ပြီးဖြစ်သည်။ ယခုအခါတွင် အဆိုပါသတင်းသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး တရုတ်လူမှုကွန်ယက်များကလည်း Apple ကုမ္ပဏီ အပေါ်အပြစ်တင်ဝေဖန်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။
သေဆုံးသွားသူ Ma Ailun သည် China Southern Airlines တွင်တာဝန်ထမ်းဆောင်နေသည့် လေယာဉ်မယ်တစ်ဦးဖြစ်ပြီး သတင်းများအရ မကြာမီလက်ထပ်မည့်သူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
မင်္ဂလာကိစ္စများ တိုင်ပင်ရန် iphone-5 ကိုအားသွင်းရင်းဖုန်းပြောနေစဉ် ဓာတ်လိုက်သေဆုံးရခြင်းဖြစ်ကြောင်း မိသားစုက အတည်ပြုပြောကြားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ ၏ထုတ်ပြန်ကြေညာချက်တွင်လည်း ဓာတ်လိုက်မှုကြောင့်ဖြစ်ကြောင်း ပါရှိခဲ့သည်။
အဆိုပါဖြစ်ရပ်အတွက် Apple ကုမ္ပဏီ က Ma Ailun၏ မိသားစုထံ အထူးဝမ်းနည်းကြေကွဲကြောင်း e-mail တစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။ ၄င်းအပြင် Apple ကုမ္ပဏီသည် ယခု ကိစ္စရပ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည် ဆိုသည်။
MMT
Ref & Credit: The Golden Fresh Land Daily Newspaper

No comments:

Post a Comment

Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!