7:49 AM |

၂၀၁၄ တွင် ဈေးကွက်ကို ဆက်လက်လွှမ်းမိုးဦးမည့် Apple နှင့် Samsung


Apple နှင့် Samsung တို့မှာ လာမည့်နှစ်အတွင်း ရောင်းချရမည့် အီလက်ထရွန်းနစ် ပစ္စည်းအရေ အတွက် တိုးမြင့်လာမည်ဖြစ်ပြီး အမြတ်အစွန်းအများစုအား ဆက်လက်ရရှိ နေမည်ဖြစ်သည်ဟု နည်း ပညာဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် CNET ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်တွင် ကမ္ဘာတစ်လွှား လျှပ်စစ်ပစ္စည်းရောင်းချရမှုအရေအတွက်မှာ ၂ ဒသမ ၅ ဘီလီယံခန့်ရှိ လိမ့်မည်ဖြစ်ပြီး ယင်းပမာဏမှာ ယမန်နှစ်ထက် ခြောက်ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်သည်ဟု နည်းပညာလုပ်ငန်းများ နှင့်ပတ်သက်သည့် သုတေသန ကုမ္ပဏီတစ်ခု ဖြစ်သည့် Gartner က ဆိုသည်။ အဆိုပါ ပမာဏ၏ ၇၅ ရာခိုင်နှုန်းကျော်မှာ မိုဘိုင်းဖုန်းများဖြစ်ပြီး Android အနေဖြင့် Apple ၏ iOS သို့မဟုတ် Window ဖုန်းများ၏ ၂၀၁၄ ခုနှစ်ရောင်းအားထက် နှစ်ဆခန့် မြင့်တက်လာမည်ဖြစ်သည်။
ထို့ကြောင့် Android ရောင်းအားမှာ ထိပ်ဆုံးမှရပ်တည်လာနိုင်ဖွယ်ရှိပြီး လာမည့်နှစ်တွင် ရောင်းချမည့် ၁ ဒသမ ၉ ဘီလီယံခန့်ရှိသော မိုဘိုင်းဖုန်းများ၏ ၄၂ ရာခိုင်နှုန်းခန့်ရှိ မည်ဖြစ်သည်။ သို့သော် Android မှာ ဘဏ္ဍာရေးအရ တစ်ဦးတည်းသော အောင်နိုင်သူ မဟုတ်ပေ။
၂၀၁၃ ခုနှစ် ပထမသုံးလတာအတွင်း Apple အနေဖြင့် ကမ္ဘာ့ဖုန်းလုပ်ငန်းများမှ ရရှိသည့် အကျိုး အမြတ်စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းအား ရရှိခဲ့သည်ဆိုပြီး ကျန် ၄၃ ရာခိုင်နှုန်း အား Samsung မှ ရရှိ ခဲ့သည်။ ခန့်မှန်းချက်များအရ ဒုတိယသုံးလတာတွင်မူ Galaxy S4 အား ထုတ်လုပ်လိုက်သည့်Samsung မှ စမတ်ဖုန်းအသစ်တစ်ခုအား တစ်နှစ်နီးပါးကြာမြင့်သည်အထိ မထုတ်နိုင်သေးသည့် Apple ထက် အမြတ်ပိုရလိမ့်မည်ဟု သိရသည်။
Android ဈေးကွက်အတွင်း Samsung ၏လွှမ်းမိုးမှုမှာ ကြီးမားလာပြီဖြစ်သော်လည်း လာမည့်နှစ်တွင် Apple အနေဖြင့် အီလက်ထရွန်းနစ်ပစ္စည်းဈေးကွက်၏ ၁၄ ရာခိုင်နှုန်းအား ရရှိလိမ့်မည်ဟု Gartner မှ ခန့်မှန်းထားသည်။ Apple ၏ ဈေးကွက်ဝေစုမှာ မိုဘုန်းဖုန်းများ၊ iPhone များ၊iPads နှင့် လူကြိုက်များ သည့် MacBook လက်တော့ပ်များ ရောင်းချ ခြင်းမှရရှိမည်ဖြစ်ပြီး နည်းပညာကုမ္ပဏီ မိုက်ကရိုဆော့ဖ် မှာမူ မိုဘုန်းဈေးကွက်အတွင်း ၀င်ရောက်နေရာယူနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေသော်လည်း ၎င်း၏ ၀င်ငွေအများစုမှာ လူအများအသိမှတ်ပြုထားသည့် ၎င်း၏ PC ကွန်ပျူတာနှင့် လက်တော့ပ်များ ရောင်းချရခြင်းမှ ရရှိခြင်းဖြစ်သည်။
Microsoft နှင့် ၎င်း၏ Window မဟာမိတ်များဖြစ်ကြသော Nokia နှင့် PC ပြုလုပ်သူများမှာ လာမည့်နှစ် အတွင်း အီလက်ထရွန်းနစ်ပစ္စည်းများ တိုးမြှင့်ပေးပို့ရောင်းချရမည့်နှုန်းထားမှာ Android သို့မဟုတ် Apple ထက် ပို၍နှေးကွေးလိမ့်မည်ဟု Gartner မှ ခန့်မှန်းထားသည်။ တကယ်တမ်းတွင် Apple နှင့် Android စနစ်များ၏ ရောင်းအားမှာ ၂၀၁၄ ခုနှစ်တွင် ၁၇ရာခိုင်နှုန်းမြင့်တက်လာမည်ဖြစ်ပြီး windows မှာ ၁၀ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု Gartner မှ ခန့်မှန်းထားသည်။
Apple နှင့် Samsung တို့မှာ အီလက်ထရွန်းနစ်ပစ္စည်းဈေးကွက်အတွင်းတွင် လွှမ်းမိုးမှုရှိစေရန်၊ အမြတ် အစွန်းများများရရှိစေရန်အတွက် စီမံရမည့် အဓိကပြိုင်ဘက်များဖြစ်ကြသည်။ ၎င်းကုမ္ပဏီနှစ်ခုမှာ တရား ရုံးတွင် ခါးခါးသီးသီးအမှုရင်ဆိုင်ခဲ့ကြပြီး အဆိုပါအမှုတွင် Apple မှအနိုင်ရကာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံခန့် ယမန်နှစ်က ရရှိခဲ့သည်။
လက်ရှိအနေအထားတွင် ကုမ္ပဏီနှစ်ခု၏ ဘုံတူညီချက်များမှာ ရောင်းအားမြင့်နေခြင်း၊ ကြော်ငြာလုပ်ငန်း ဘတ်ဂျက် အများအပြားထားရှိခြင်းနှင့် ဆွဲဆောင်မှုရှိသည့် ဖန်တီးမှု များပိုင်ဆိုင်ခြင်း တို့ကြောင့်ဖြစ်သည်။
Ref & Credit: Mizzima News in Burmese



Chin Mobile Group a ka dir pi tu ka hawi le hna nan cung ah ka lawm tuk hmailei zong ah ka leng peng uh tiah kan sawm hna



2 comments:

Anonymous said...

Kan i lawm! MP3 to Karaoke free converter na ka hmuh piak khawh cun ka lawm tuk ko hnga.

Kawi Hu
Melbourne

Unknown said...

Kan CHiah piak cang kha ka Palh sual ah cun ka chim than te law ka duh ko ka lawm

Post a Comment

Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!