7:51 AM |




ဒီဖုန်းကို 41-megapixel ကင်မရာနဲ့ ထုတ်မယ်လို့ သတင်းကြားကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ လက်ကိုင်ဖုန်းတွေထဲမှာ တကယ့် အံ့သြစရာ ကောင်းလှတဲ့ ကင်မရာ စွမ်းအားနဲ့ ပြိုင်ဘက် အားလုံးကို ကျော်တက်နိုင်တဲ့ စွမ်းဆောင်ချက်လို့ ဆိုနိုင်ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ ကြိုတင် မှာကြားမှုကို စတင် လက်ခံမှာဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့ကျရင် အမေရိကန် ဈေးကွက်မှာ စတင် ဖြန့်မယ်လို့ ဆိုပါတယ်။ အမေရိကန်မှာတော့ AT&T ကုမ္ပဏီက Windows 8 ဖုန်းအနေနဲ့ ရောင်းမှာဖြစ်ပြီး ၂ နှစ် စာချုပ် သက်တမ်းနဲ့ ဝယ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ်။ ၂၉၉ ဒသမ ၉၉ ဒေါ်လာ ပေးရပါလိမ့်မယ်။
ကင်မရာ အသားပေး


စမတ်ဖုန်းတွေထဲမှာတော့ megapixel အများဆုံး ဖုန်းလို့ ဆိုနိုင်တယ်။ ကင်မရာ Sensor ကလည်း အားကောင်းသလို ကင်မရာ ဆော့ဖ်ဝဲအနေနဲ့ PureView ဆိုတာကို ထည့်ပေးထားတဲ့အတွက် လုပ်ဆောင်နိုင်စွမ်းတွေကလည်း အရမ်း မြင့်မားပါတယ်။ ကင်မရာမှာ Lens ၆ ခုပါတဲ့ Carl Zeiss optics ကို သုံးထားတယ်။ ဒါကြောင့် wide angles ရပြီး ရုပ်ထွက်ရော ဆွဲအားပါ အရမ်းကို ပြတ်သားစေပါလိမ့်မယ်။
3x Zoom အပြင် autofocus ကလည်း ကောင်းပါတယ်။ မီးကလည်း dual-flash ကို ထည့်ပေးထား တယ်။ LED flash က သေးတယ် ဆိုပေမယ့် Xenon flash ဖြစ်တာကြောင့် စွမ်းအား အရမ်းကောင်း ပါတယ်။ ဗီဒီယိုရိုက်ရင် 1080p HD နဲ့ ရိုက်လို့ရပြီး တစ်စက္ကန့်ကို ဖရိန် ၃၀ (30fps) နှုန်းနဲ့ ရိုက်ကူးနိုင် ပါတယ်။
ကင်မရာ Lens က ဆုံလည် လှည့်ပြီး ရိုက်နိုင်အောင် စီစဉ်ထားတယ်။ ဒါကြောင့် တည်ငြိမ်စွာနဲ့ ပုံရိပ်တွေကို ထိန်းပြီး ရိုက်ကူးနိုင်စွမ်း ရှိတယ်။ Nokia ဟာ Lumia 928 ထုတ်ကတည်းက အလင်းရောင် ကောင်းစွာ မရနိုင်တဲ့ ဝန်းကျင်မှာ ပုံတွေ ရိုက်နိုင်အောင် စီစဉ်ထားခဲ့တယ်။ ခုလည်း Lumia 1020 မှာ အလင်းနည်းပေးမယ့် ကင်မရာရဲ့ ဆွဲအားကောင်းတဲ့ Lens ကြောင့် ပုံရိပ်တွေကို ပြတ်သားစွာ ရိုက်ပေးနိုင်ပါတယ်။
ဒီဇိုင်းနဲ့ ဖြည့်စွက်ချက်များ




Lumia 1020 ကို အဖြူ၊ အနက်၊ အဝါ သုံးရောင်ခွဲ ထုတ်ထားတယ်။ အဓိက ကင်မရာ အသားပေး ဖုန်း ဖြစ်တဲ့အတွက် ကင်မရာကို ထင်ရှားစွာ ဖော်ဆောင်ထားတယ်။ Nokia Lumia 920 နဲ့ ဆင်သလိုလို ရှိပေမယ့် ကွဲပြားချက်တွေ ရှိတယ်။ အဓိက ကွာခြားချက်ကတော့ ဟာ့ဒ်ဝဲပိုင်းမှာ မြှင့်ထားတာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး စနစ်အနေနဲ့ 4G LTE ကို ကောင်းကောင်း သုံးနိုင်ပြီး၊ မြင်ကွင်း ၄ ဒသမ ၅ လက်မ ရှိတယ်။ AMOLED Pure Motion HD+ display ကို ထည့်ပေးထားပြီး၊ resolution ကလည်း 1,280 x 768 pixel HD အထိ တင်နိုင်တဲ့ အဆင့်မြင့် မြင်ကွင်းမျိုး ဖြစ်ပါတယ်။ Aspect ratio ကလည်း 16:9 အထိ ရတယ်။ Clear Black filter ကို ထည့်ထားလို့ အပြင်ဘက် အလင်းရောင်တွေထဲမှာလည်း ပုံတွေ၊ စာတွေကို ထင်ရှား ပြတ်သားစွာ တွေ့မြင် ဖတ်ရှုနိုင်ပါတယ်။ Gorilla Glass 3 ဖန်သားပြင် ကလည်း လက်ဗွေရာတွေ မထင်စေနိုင်ပါဘူး။
မျက်နှာချင်းဆိုင် ကင်မရာက 1.2-megapixel လောက်ပဲ ထည့်ပေးထားတယ်။ ဗီဒီယို chatting လုပ်လိုသူတွေအတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။
ပရိုဆက်ဆာ အနေနဲ့ 1.5GHz dual-core Qualcomm Snapdragon S4 ကို ထည့်ပေးထားပါတယ်။ အတွင်း Memory ကလည်း 32GB ရှိပြီး Cloud Storage အနေနဲ့ 7GB လောက် ရယူ သုံးစွဲ နိုင်ပါ သေးတယ်။ ဖုန်းအနေနဲ့ သုံးရင်တော့ 32GB ဆိုတဲ့ ပမာဏဟာ ကောင်းစွာ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။

Nokia ဟာ Lumia 1020 ကို ပါးပါးလေးဖြစ်အောင် လုပ်ထားတယ်။ အထူ 0.4 inch လောက်ပဲ ရှိတယ်။ Lumia အနေနဲ့ ထုတ်တဲ့အထဲမှာ အပါးဆုံးလို့ ပြောနိုင်တယ်။
ဖုန်းကို အားပြန်ဖြည့်ဖို့ Wireless နည်းပညာတော့ သုံးမထားပါဘူး။
ဖုန်းကို ကင်မရာ ပုံစံလို သုံးချင်ရင် Grip ကို သီးခြား ဝယ်ရမှာ ဖြစ်ပါတယ်။ အဲဒီအိမ်ထဲ ထည့်လိုက်ရင် ကင်မရာတစ်လုံးလို ဖြစ်သွားပါတယ်။ ကင်မရာ Grip အတွက် ၇၉ ဒေါ်လာလောက် ထပ်ပေးရပါလိမ့် မယ်။
Ref & Credit: The Voice Weekly
Ref & Credit: The Voice Weekly


















Chin Mobile Group a ka dir pi tu ka hawi le hna nan cung ah ka lawm tuk hmailei zong ah ka leng peng uh tiah kan sawm hna



No comments:

Post a Comment

Software, kan chiah piak mi hna le a tuahning ka tial mi ah , Nan tlamtling le tling lo kha Comment Pek khawh ka zuam peng uh tiah kan Nawl Hna!